နိဒါန်း#
ပြီးခဲ့တဲ့ post မှာ Go project တွေအတွက် linter workflow အကြောင်း ပြောပြခဲ့ပြီးပါပြီ။ Code quality ကောင်းဖို့အတွက် linting က အရေးကြီးသလိုပဲ၊ ကိုယ်ရေးထားတဲ့ code က မျှော်မှန်းထားတဲ့အတိုင်း အလုပ်လုပ်ရဲ့လား၊ feature အသစ်တွေထည့်လိုက်ရင် အဟောင်းတွေကရော အလုပ်လုပ်သေးရဲ့လားဆိုတာ သေချာဖို့အတွက် testing ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ကျွန်တော် ဒီ post မှာတော့ လက်ရှိ project တွေမှာ သုံးနေတဲ့ unit testing အတွက် GitHub Actions workflow အကြောင်း ပြောပြချင်ပါတယ်။
Action File For Unit Tests#
ဒါကတော့ Go project တွေမှာ unit tests run ဖို့နဲ့ code coverage တွက်ဖို့အတွက် ကျွန်တော်သုံးနေတဲ့ workflow file ပါ။
name: Unit Tests
on:
push:
branches: [main]
paths:
- "cmd/**"
- "pkg/**"
- "go.mod"
- "go.sum"
- "Makefile"
pull_request:
branches: [main]
paths:
- "cmd/**"
- "pkg/**"
- "go.mod"
- "go.sum"
- "Makefile"
jobs:
test:
runs-on: ubuntu-latest
steps:
- uses: actions/checkout@v6
- name: Set up Go
uses: actions/setup-go@v6
with:
go-version: "1.25.5"
# Caching prevents redownloading dependencies on every run until
# go.mod/go.sum changes
- name: Cache Go modules
uses: actions/cache@v5
with:
path: |
~/go/pkg/mod # Go modules cache
~/.cache/go-build # Go build cache
key: ${{ runner.os }}-go-${{ hashFiles('**/go.sum') }}
- name: Run unit tests
run: make test
- name: Run tests with coverage
run: make test-coverage
- name: Upload coverage to Codecov
uses: codecov/codecov-action@v5
with:
files: ./coverage.out
flags: unittests
fail_ci_if_error: false
Breaking Down#
1. Staring on:#
Linter workflow လိုပါပဲ၊ ဒီ workflow က main branch ကို code push လုပ်တဲ့အခါ ဒါမှမဟုတ် pull request တင်တဲ့အခါတွေမှာ အလုပ်လုပ်ပါလိမ့်မယ်။ Code နဲ့ဆိုင်တဲ့ file တွေ (cmd/**၊ pkg/** စသဖြင့်) နဲ့ build၊ dependency အပိုင်းနဲ့ဆိုင်တဲ့ Makefile၊ go.mod၊ go.sum တွေ ပြင်မှသာ ဒီ test workflow ကို run မှာဖြစ်လို့ မလိုအပ်ဘဲ workflow run နေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
2. Setup and Caching#
ubuntu-latest ပေါ်မှာ Go v1.25.5 ကို setup လုပ်ပြီး run ပါတယ်။ Caching အပိုင်းကတော့ အရင် post မှာ ပြောခဲ့သလိုပဲ go.sum file မှာ အပြောင်းအလဲမရှိသ၍ Go modules တွေကို download မလုပ်ဘဲ cache ကနေ ပြန်ယူသုံးတဲ့အတွက် workflow ကြာချိန်ကို သိသိသာသာ လျှော့ချပေးပါတယ်။
3. Running Tests#
ဒီ workflow မှာ test command တွေကို run ဖို့အတွက် Makefile ကို သုံးထားပါတယ်။ ဒါကြောင့် ကိုယ့် project ရဲ့ Makefile ထဲမှာ သက်ဆိုင်ရာ command တွေ ရှိနေဖို့တော့လိုပါမယ်။
make test: ဒါက ပုံမှန် unit test တွေကို run ဖို့အတွက်ပါ။ ဥပမာgo test ./...လိုမျိုး။make test-coverage: ဒါကတော့ test coverage တွက်ဖို့နဲ့ report file (coverage.out) ထွက်လာအောင် run တာပါ။
4. Uploading Test Coverage#
- name: Upload coverage to Codecov
uses: codecov/codecov-action@v5
with:
files: ./coverage.out
flags: unittests
fail_ci_if_error: false
Test coverage တွက်ပြီးရင် ရလာတဲ့ result ကို visually ကြည့်လို့ရအောင် Codecov ကို upload တင်ပါတယ်။ files: ./coverage.out ဆိုပြီး step #4 မှာ ထွက်လာတဲ့ report file ကို ညွှန်းပေးထားပါတယ်။ fail_ci_if_error: false ကတော့ တခုခုကြောင့် codecov upload တင်တာ error တက်ခဲ့ရင်လည်း အဓိက test run တာ အောင်မြင်တယ်ဆိုရင် CI workflow ကို မ fail စေချင်လို့ပါ။
နိဂုံး#
ဒီ test workflow ထည့်ထားခြင်းအားဖြင့် PR တင်တဲ့အခါမှာ ကိုယ့် code ကြောင့် ရှိပြီးသား functionality တွေ ပျက်မသွားဘူးဆိုတာတဲ့ ယုံကြည်မှုမျိုး ရနိုင်မှာပါ။။ Test coverage report ကိုကြည့်ပြီးတော့လည်း ကိုယ့် project ရဲ့ ဘယ်အပိုင်းတွေမှာ unit test လိုနေသေးလဲဆိုတာ သိနိုင်ပါတယ်။ CI/CD pipeline မှာ testing က မပါမဖြစ်မို့လို့ ထည့်သုံးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
